-
- Error: Please check if you enter Instagram username and Access Token in Theme Setting > Social Profiles
မြို့တော် တိုကျိုရဲ့ နှလုံးသားကို ထိတွေ့ကြည့်မယ်
ရန်ကုန်လေဆိပ်ကနေ Narita လေဆိပ်ရောက်တဲ့အခါ အဲဒီကနေ တိုကျိုကို သွားကြမှာပါ။
တိုကျိုမှာရှိတဲ့ သမိုင်းဝင်အမွေအနှစ် Asakusa Temple ကို အရင်ဝင်လည်ကြမယ်လေ။
ပြီးတာနဲ့ နှစ်ပေါင်း(၃၀၀)သက်တမ်းရှိ Nakamise Street မှာ ဈေးဝယ်ထွက်ကြမယ်။ရိုးရာအစားအစာတွေ ၊ ဂျပန်ရိုးရာ ယပ်တောင်လေးတွေ စတဲ့ အမှတ်တရ ပစ္စည်းတွေ အစုံ ရှိပါတယ်။
နေ့လည်စာစားပြီးတဲ့အခါ
ကမ္ဘာ့အမြင့်ဆုံး Tower တွေထဲမှာပါတဲ့
Tokyo Sky tree ကိုလိုက်ပို့ပေးမှာဖြစ်ပါတယ်။ တိုကျိုမြို့ကြီးတဲ့ အလှကို အပေါ်စီးက ကြည့်ရှုခံစားရင်း ဂျပန်ရောက် အမှတ်တရ ဓါတ်ပုံ လေးတွေရိုက်ကြမယ်။
နောက်ထပ် ချန်ထားခဲ့လို့ မဖြစ်တဲ့ နေရာက
ကမ္ဘာကျော် လူစည်ကားဆုံး(လူအရှုပ်ဆုံး)လမ်းဆုံ
Tokyo , Shibuya Crossing Road ဖြစ်ပါတယ်။
Direction ပေါင်းစုံကနေ တစ်ချိန်တည်းမှာ လူပေါင်း ၃၀၀၀လောက် လမ်းဖြတ်ကူး တာမြင်ရမှာပါ။
Local Restaurant မှာ ညစာသုံးဆောင်ပြီးရင်တော့ ဟိုတယ်မှာ အနားယူအိပ်စက်ကြပါပြီ။
တောင်တန်းနဲ့ ကမ်းခြေအလှတွေစုံလင် IZU Area တခွင်
ဟိုတယ်ကနေ မနက်စာစားပြီးတာနဲ့ Weekend အပန်းဖြေခရီးထဲမှာ လူကြိုက်များတဲ့ IZU Area ကိုလိုက်ပို့ပေးမှာပါ။
ထူးထူးခြားခြား ပုံသဏ္ဍန်နဲ့ လှပစွာတည်ရှိတဲ့ သက်တမ်းအရင့်ဆုံး မီးတောင် Mount Omoro ဆီ သွားရောက်လည်ပတ်ပါမယ်။
နေ့လည်စားစားပြီးတဲ့အခါ Dogashima ကိုသွားပြီး
ပင်လယ်ပြင်ထဲမှာရှိတဲ့ သဘာဝလှိုဏ်ဂူတွေရဲ့ အလှ ကို လှေပေါ်ကနေ ကြည့်ကြမယ်နော်။
Local restaurant တစ်ခုမှာ ညစာသုံးဆောင်ပြီးရင်တော့ ဟိုတယ်မှာ ပြန်အနားယူကြမယ်နော်။
ဂျပန်နိုင်ငံရဲ့ အမြင့်ဆုံး ဖူဂျီတောင်ကြီးဆီသို့
မနက်စာစားပြီးလို့ အဆင်သင့်ဖြစ်တာနဲ့ ဂျပန်နဲ့အတူတွဲ ကျော်ကြားတဲ့ ဖူဂျီတောင်ဆီ ခရီးနှင်ပါပြီ။
ရာသီဥတု အခြေအနေကြည့်ပြီး အဆင့်(၅)ဆင့် အခြေစိုက်စခန်းအထိ တက်ကြည့်ကြမှာပါနော်။
ရင်သပ်ရှုမောဖွယ် တောင်ပေါ် View point တွေမှာ ဓါတ်ပုံရိုက်ကြမယ် ၊ လည်ပတ်ကြည့်ရှုရင်း သန့်ရှင်းလတ်ဆတ်တဲ့လေကို တဝကြီး ရှုကြပါစို့။
နေ့လည်စာစားပြီးတဲ့အခါမှာတော့
လှပသာယာပြီး တိတ်ဆိတ်တဲ့ Oshino Hakkai ဒေသကိုသွားလည်ကြမယ်နော်။ Fuji တောင်ရဲ့ ဆီးနှင်းတွေ ပျော်ဆင်း လာရာကနေ ရေကန် တွေ ဖြစ်ပေါ်လာတဲ့
Oshino Hakkai ရဲ့ကြည်လင်နေတဲ့ ရေကန်လေး တွေ နဲ့ ရိုးရာမပျက်တဲ့ ရွာလေးဟာ ဖူဂျီတောင်ကြီးအနီးမှာ ပန်းချီကားတစ်ချပ်လို လှပနေပါတယ်။
ထိုမှတဆင့် ရာသီစုံ ပန်းတွေနဲ့ပြိုင်စံရှားလှပလွန်းလို့
Romantic View Spot အဖြစ်နာမည်ကြီးတဲ့ Oishi Park နဲ့ Kawaguchi Lake မှာသွားရောက်အပန်းဖြေကြအုံးမှာပါ။
ညစာကို Restaurant မှာစားပြီးပြီဆိုရင် ဟိုတယ်မှာ အိပ်စက်အနားယူနိုင်ပါပြီ။
Hakona Batata Restaurantse ဒေသမှာ တောင်တန်းတွေကြား Cable ကားစီးပြီး တောင်တွေ တိမ်တွေရဲ့ကြား လှပတဲ့ ရှုခင်းတွေကို ကြည့်ရှုပျော်ရွှင်ရမှာပါ။
Lake Ashi မှာ ပင်လယ်ဓါးပြ လှေစီးရင်း
အပန်းဖြေကြပါမယ်။
ဒါတင်မကဘူး တစ်လုံးစားရင် အသက် (၇)နှစ်ပိုရှည်တယ်လို့ နာမည်ကြီးတဲ့ Black Egg မြည်းကြည့်ဖို့ Owakudani Valley ကို ခေါ် သွားအုံးမှာပါ။
နေ့လည်စာစားပြီးချိန်မှာတော့ ဂျပန်ရောက်ရင် မဖြစ်မနေ သွားကြတဲ့ဗုဒ္ဓငြိမ်းချမ်းနယ်မြေ သမိုင်းဝင် ကမာကူရ ကြေးသွန်းဘုရားဆီ သွားဖူးကြပါမယ်ရှင်။
Modern Entertainment Area အဖြစ် ခရီးသွားတွေ နှစ်သက်ကြတဲ့ Odaiba ကိုလည်းသွားကြမယ်။
ဒါပြီးရင်တော့ ဟိုတယ်မှာ နားကြပါမယ်ရှင်။
ဟိုတယ်မှာ မနက်စာစားပြီးပြီဆိုရင် Zuu&Hein က
Narita လေဆိပ်ဆီလိုက်ပို့ပေးမှာဖြစ်ပါတယ်။
နေ့လည်စာကို Local Restaurant မှာသုံးဆောင်ပြီးတဲ့အခါ
ခရီးသွားဧည့်သည်တော်များက Narita Airport မှ ဘန်ကောက်ဆီ အရင်သွားရမှာဖြစ်ပါတယ်။ ဘန်ကောက်မှတဆင့် ရန်ကုန်လေဆိပ်ဆီ ပြန်လည်ရောက်ရှိတဲ့အခါ
အမှတ်ရစရာ ဂျပန်ခရီးစဉ်လေးပြီးဆုံးပါပြီ။
Shopping, Mountain, Snow & Ice
Tourists arrive in Japan as guests of Zuu & Hein, but when they return after their trip, they become friends of Zuu & Hein, which is a valuable symbol.