ဘဝမှာ အပျော်ရွှင်ဆုံး ခရီးစဉ်လေးအဖြစ် အမြဲသတိရ ကျေနပ်နေစေဖို့ ဆိုရင်…💖
𝐙𝐮𝐮&𝐇𝐞𝐢𝐧 𝐓𝐨𝐮𝐫 𝐉𝐚𝐩𝐚𝐧 ရဲ့ 🌸 𝐓𝐨𝐤𝐲𝐨-𝐎𝐬𝐚𝐤𝐚-𝐍𝐚𝐫𝐚-𝐊𝐲𝐨𝐭𝐨-𝐌𝐭.𝐅𝐮𝐣𝐢-𝐇𝐤𝐨𝐧𝐞🌸
6 Nights 7 Days Package ခရီးစဉ်လေး ရှိပါတယ်ရှင်
ခရီးသွားမိတ်ဆွေများရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို အလဟဿမဖြစ်ရအောင် စက္ကန့်တိုင်း မှာ အမှတ်တရကောင်းတွေ အဖြစ်သယ်ဆောင်သွားနိုင်ဖို့ 𝐙𝐮𝐮 & က ဘယ်လို Day by Day စီစဉ်ပေးထားလဲဆိုတာ ပုံလေးတွေမှာ ဖတ်ကြည့်လိုက်နော် 🤗
“လာတဲ့အခါ ဧည့်သည်အဖြစ် ကြိုဆိုပြီး ပြန်တဲ့အခါ မိတ်ဆွေများ” အဖြစ် အမှတ်ရစရာ အချိန်လေးတွေ ၊ တာဝန်ကျေ အဆင်ပြေမှုတွေကိုသာ လက်ဆောင်ထည့်ပေးဖို့ ကြိုးစားနေတဲ့ Zuu&Hein Tour Japan ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှ ခရီးသွားဧည့်သည်များသာမက ကမ္ဘာအနှံ့မှ မြန်မာလူမျိုးများ ဂျပန်နိုင်ငံတခွင် လည်ပတ်လိုပါက တာဝန်ယူစီစဉ်ပေးနေပါတယ်ရှင်။
“ Hello,Japan”
ရန်ကုန်ကနေ Narita Airport ရောက်တာနဲ့ တိုကျိုကိုသွားကြမယ်။ တိုကျိုရောက်ရင်အလှပဆုံး ဗုဒ္ဓဘုရားကျောင်း Asakusa Temple ကိုသွားလည်ရမှာနော်။ ပြီးတာနဲ့ သမိုင်းဝင် နှစ်ပေါင်း၃၀၀ သက်တမ်းရှိတဲ့ Nakamise ဈေးမှာ လျှောက်ကြည့်ပြီး Shopping ထွက်ဖို့ ပို့ပေးမှာပါ။
အနီးအနားမှာ နေ့လည်စာစားရင်း ခဏနားပြီးတာနဲ့
ကမ္ဘာ့အမြင့်ဆုံး Tower တွေထဲမှာပါတဲ့ Tokyo Sky tree ကိုလိုက်ပို့ပေးမှာဖြစ်ပါတယ်။ တိုကျိုမြို့ကြီးတဲ့ အလှကို အပေါ်စီးက ကြည့်ရှုခံစားရင် အမှတ်တရ ဓါတ်ပုံ လေးတွေ တဝကြီးရိုက်ကြမယ်နော်။
✅ဝင်ခွင့်လက်မှတ်ခ ပါပြီး
ညစာစားပြီးရင်တော့ ဟိုတယ်မှာအနားယူအပန်းဖြေအိပ်စက်လို့ရပါပြီ။
“ပျော်ပျော်ပါးပါး Tokyo Disneyland သွားမယ်
မနက်အိပ်ရာထ ဟိုတယ်မှာမနက်စာသုံးဆောင်ပြီးတာနဲ့
လူကြီးလူငယ် အားလုံး ပျော်ကြရမယ့် Tokyo Disneyland ကို ချီတက်ကြမှာဖြစ်ပါတယ်။ဝင်ခွင့်လက်မှတ်ပါပြီး
တနေကုန် လည်ပတ်ဆော့ကစား ပုံလှလှလေးတွေ စိတ်ကြိုက်ရိုက်လို့ပြီးသွားတာနဲ့ ညစာစားပြီး
ဟိုတယ်ပြန်ကြမယ်။
အစားအသောက်မြို့တော် အိုဆာကာ သို့
တိုကျို မှာ လည်ပတ်လို့အားရသွားပြီဆိုတော့ ဂျပန်နိုင်ငံရဲ့ မီးဖိုချောင်လို့ နာမည်ကြီးတဲ့ အိုဆာကာဘက်သွားကြဖို့ Bullet Train နဲ့သွားကြမှာပါနော်။Tokyo Station က နေ ဂျပန်Bullet Train အတွေ့အကြုံလေး ကိုခံစားရင်း သွားကြမှာပါ။ နာမည်ကျော် အိုဆာကာရဲတိုက် မှာ လည်ပတ်ကြမယ်။ဝင်ခွင့်လက်မှတ်ပါပြီးသား
အဲဒီကနေ နေ့လည်စာ စားပြီးတာနဲ့ အိုဆာကာရဲ့ အကြီးဆုံး Shopping Street , Shinsaibashi သွားပြီးတော့လူကြိုက်များတဲ့ Streetfood တွေ စားကြည့်မယ်လေ။ အစည်ကားဆုံးသော Dontonbori မှာ အလှအပတွေ ခံစားကြည့်ရှုရင်း အပန်းဖြေအနားယူနိုင်ပါပြီ။
ရိုးရာအငွေ့အသက်များအပြည့်အဝခံစားကြည့်ဖို့
ကျိုတို မြို့
စတုတ္ထမြောက်နေ့ရဲ့မနက်မှာတော့ ဟိုတယ်က မနက်စာစားပြီးတာနဲ့ ကျိုတိုရဲ့ Fushimi Inari Shrine ကိုသွားလည်မှာပါ။ အဲဒီမှာပဲ ဂျပန်ရိုးရာဝတ်စုံ ကီမိုနိုဝတ်ဆင်ပြီး အလှဓါတ်ပုံရိုက်ကူး ပေးမှာပါနော်။
ပြီးရင် ရွှေရောင်အဆင်းကြောင့်ထင်ရှားကျော်ကြားလှတဲ့ ရွှေအုတ်ကျောင်း Kinkakuji Temple ကို သွားရောက်လည်ပတ်ကြပါမယ်။ နေ့လည်စာကိုတော့ Local Restaurants မှာစီစဉ်ပေးမှာဖြစ်ပါတယ်။
အဲဒီကနေမှ ဂျပန်လူမျိုးတွေအမြတ်တနိုးထိန်းသိမ်းထားကြတဲ့ ယဉ်ကျေးမှုနယ်မြေ Gion ကို သွားပြီးတော့ ရိုးရာသစ်သားအိမ်တွေ ရှေးမူမပျက် Tearoom တွေ ဆီ လှည့်လည်ကြည့်ကြရအောင်။
ယဉ်ကျေးမှုအငွေ့အသက်တွေကို တဝကြီးခံစားပြီးပြီဆိုရင် ညစာ ကို Restaurant မှာသုံးဆောင်ပြီး ဟိုတယ်မှာ အနားယူနိုင်ပါပြီ။
ဂျပန်နိုင်ငံရဲ့ အထင်ကရ ဖူဂျီယာမ
မနက်စာစားပြီးလို့ အဆင်သင့်ဖြစ်တာနဲ့ ဂျပန်နဲ့အတူတွဲ ကျော်ကြားတဲ့ ဖူဂျီတောင်ဆီ ခရီးနှင်ပါပြီ။
ရာသီဥတု အခြေအနေကြည့်ပြီး အဆင့်(၅)ဆင့် အခြေစိုက်စခန်းအထိ တက်ကြည့်ကြမှာပါနော်။
ရင်သပ်ရှုမောဖွယ် တောင်ပေါ် View point တွေမှာ ဓါတ်ပုံရိုက်ကြမယ် ၊ လည်ပတ်ကြည့်ရှုရင်း သန့်ရှင်းလတ်ဆတ်တဲ့လေကို တဝကြီး ရှုကြပါစို့။
နေ့လည်စာစားပြီးတဲ့အခါမှာတော့
တောင်ခြေက လှပသာယာတဲ့ Oshino Hakkai ကိုသွားလည်ကြမယ်နော်။ Fuji တောင်ရဲ့ ဆီးနှင်းတွေ ပျော်ဆင်း လာရာကနေ ရေကန် တွေ ဖြစ်ပေါ်လာတဲ့ Oshino Hakkai ရဲ့ ကြည်လင်တဲ့ ရေကန်(၈)ကန်က ထင်ရှားပါတယ်။ ကြည်လင်နေတဲ့ ရေကန်လေးနဲ့ပနံရတဲ့ Landscape ကလည်း လှပလွန်း လို့ နားနားနေနေ အပန်းဖြေရင်း ရှုခင်းလှလှလေးတွေနဲ့ ဓါတ်ပုံရိုက်လို့ရပါတယ်။ အမှတ်တရ ပစ္စည်းဆိုင်လေးတွေ လည်း ရှိတာကြောင့် စိတ်ကြိုက် ကြည့်ရှု နိုင်တယ်လေ။
အဲဒီက ပြန်တဲ့အခါ ဟိုတယ်မှာ တစ်ညတာ အနားယူအိပ်စက်နိုင်ပါပြီရှင်။
နာမည်ကျော် Hakone ရေပူစမ်းနဲ့
ကမာကူရ (Great Buddha)
ကဲ Zuu&Hein ရဲ့ ဧည့်သည်တော်များ Bullet Train စီးပြီးပြီဆိုတော့ ဒီတစ်ခါ Cable Car တွေ Cruise တွေ စီးရမယ်ဆို ပျော်မှာလား…
Hakone ဒေသမှာ တောင်တန်းတွေကြား Cable ကားစီးပြီး ရင်တဖိုဖို ရသကိုခံစားပျော်ရွှင်ကြမယ်။
Lake Ashi မှာ Cruise စီးပြီး အပန်းဖြေကြရမှာပါ။
ဒါတင်မကဘူး တစ်လုံးစားရင် အသက် (၇)နှစ်ပိုရှည်တယ်လို့ နာမည်ကြီးတဲ့ Black Egg မြည်းကြည့်ဖို့ Owakudani Valley ကို ခေါ် သွားအုံးမှာပါ။
နေ့လည်စာစားပြီးချိန်မှာတော့ ဂျပန်ရောက်ရင် မဖြစ်မနေ သွားကြတဲ့
ဗုဒ္ဓငြိမ်းချမ်းနယ်မြေ သမိုင်းဝင် ကမာကူရ ကြေးသွန်းဘုရားဆီ သွားဖူးကြပါမယ်ရှင်။
လည်စရာရှိတာလည်ပတ်ပြီးသွားတဲ့အခါ
ကမ္ဘာကျော် လူစည်ကားဆုံး(လူအရှုပ်ဆုံး)လမ်းဆုံ
Tokyo , Shibuya Crossing Road ကိုသွားမယ်နော်။
Japanese Movies တွေထဲကို ကိုယ်တိုင်ရောက်သွားသလို ခံစားရမှာဖြစ်ပြီး
အမှတ်တရ ဓါတ်ပုံတွေ ရိုက်ခဲ့လို့ရပါတယ်။
ဒါပြီးရင်တော့ ဟိုတယ်မှာ နားကြပါမယ်ရှင်။
ဟိုတယ်မှာ မနက်စာစားပြီးပြီဆိုရင် Zuu&Hein က
Nirata (or) Haneda လေဆိပ်ဆီလိုက်ပို့ပေးမှာဖြစ်ပြီး
ခရီးသွားဧည့်သည်တော်များက ဘန်ကောက်ဆီ အရင်သွားရမှာဖြစ်ပါတယ်။ ဘန်ကောက်မှတဆင့် ရန်ကုန်လေဆိပ်ဆီ ပြန်လည်ရောက်ရှိတဲ့အခါ
သာယာချောမွေ့တဲ့ ဂျပန်ခရီးစဉ်လေး လှလှပပပြီးဆုံးပါပြီ။
London is a megalopolis of people, ideas and frenetic energy. The capital and largest city of the United Kingdom.