🇯🇵 ဂျပန်နိုင်ငံလို့ ပြောလိုက်တာနဲ့ ဖူဂျီတောင်၊ ဆာကူရာပန်း၊ ကမာကူရ ဘုရား အပြင် ဆွဲဆောင်မှု အရှိဆုံးနဲ့ မဖြစ်မနေ သွားလည်သင့်တဲ့ နေရာတစ်ခုကတော့…
သဘာဝတရားနဲ့ အနီးစပ်ဆုံး ခံစားခွင့်ရရှိစေမဲ့
“Tateyama Alpine Route” ပါပဲ ⛰️
ဒီခရီးစဉ်ကို ဒေသတွင်းပြည်သူများသာမက ကမ္ဘာလှည့်ခရီးသွားများ တကူးတက လည်ပတ်ရခြင်း က မီတာ ၂၀ ထိမြင့်မား တဲ့ ဆီးနှင်းနံရံကြီး နှစ်ဘက်ကြားမှာ ဖြတ်လျှောက်သွားရတဲ့ အံ့မခန်း အတွေ့အကြုံ ကြောင့် တစ်ခုအပါအဝင်ဖြစ်ပါတယ်။ 🧊🧊
ခရီးစဉ်လမ်းကြောင်း ဟာ ဂျပန်မြောက်ပိုင်း မှာရှိတဲ့ Toyama နဲ့ Nagano စီရင်စု နှစ်ခုကို ဆီးနှင်းဖွေးဖွေးတွေ လွှမ်းခြုံထားတဲ့
တောင်တန်း တွေကြား ဆက်သွယ်ထားတာဖြစ်လို့ ကောင်းကင်ပေါ်မှာ၊ တိမ်စိုင်ကြားမှာ ခရီးသွားရသလို ရင်သပ်ရှုမောဖွယ်အတိဖြစ်နေမှာပါ။☁️
Toyama Side နဲ့ Nagano Side ကြိုက်တဲ့ဘက်က ဝင်ရောက်လည်ပတ် နိုင်ပါတယ်။ ခရီးစဉ်အစအဆုံး ဆိုရင် ၈နာရီမှ ၁၀နာရီထိ ကြာချိန်ရှိပြီးတော့ ဒေသစာ Sansai Soba
(တောင်ပေါ်ဒေသထွက်အသီးအရွက်များနှင့်ခေါက်ဆွဲ)ကို အရသာခံသုံးဆောင်နိုင်ပါတယ်။ 🍜
ဒီခရီးစဉ်ရဲ့ နောက်ထပ် ကျော်ကြားရတဲ့အချက်ကတော့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးမှုမရှိရအောင်
🚠 Cable Car
🚡 Ropeways
🚌 Bus
🚞 Trolleys bus ဆိုပြီး Transportation System ၄မျိုး နဲ့ ခရီးသွားနိုင်အောင် စီစဉ်ထားလို့ဖြစ်ပါတယ်။
ခရီးစဉ် တဖြတ်တိုင်းမှာ Observatory Deck တွေထားရှိပြီး မျက်စိတဆုံး ရပ်တန့်ငေးမောနေချင်စရာ တောင်တန်းအလှ၊ တောင်တွေကြားက စီးဆင်းပြီး Kurobe ရေကာတာဝင်ရောက်သွားတဲ့ မြင်ကွင်းကို အပေါ်စီးကတသွယ် အောက်ဘက်ကတမျိုး ကြည့်ရှုခံစားနိုင်ပါတယ်။ April လ အစောပိုင်းတွေမှာထဲက ရေတွေခဲနေပါပြီ။ ❄️
ဒီထဲကမှ Ropeways စီးသွားရတဲ့ Nagano အပိုင်းကတော့ အလှဆုံးပါပဲ။ တိမ်တွေတောင်တွေကြား ကောင်းကင်ကြိုးတန်းက သွားရတဲ့ ခံစားချက်က တကယ့်ကို တိမ်တွေစီးရင်းခရီးနှင် ရတဲ့ဖီလင်မို့ တသက်မမေ့နိုင်စရာပါ။ 🚡 😍
ခရီးစဉ်ရဲ့ အမြင့်မားဆုံးနေရာကတော့
ဆီးနှင်းနံရံကြီး ထုနဲ့ထည်နဲ့တည်ရှိတဲ့ Morodo Highland ပါ။
ပြာလဲ့ကြည်စင်နေတဲ့ ကောင်းကင်ကြီးရဲ့အောက် မီတာ ၂၀ ထိမြင့်တဲ့ ဆီးနှင်းနံရံကြီး နှစ်ဘက်ကြားမှာ လည်ပတ်ကြည့်ရှူရင်း ဘယ်မှာမှ မရနိုင်တဲ့ ခရီးသွားအတွေ့အကြုံကို ရယူနိုင်ပါတယ်။🤩
Morodo မှာရှိတဲ့ Hotel Tateyama မှာ တစ်ညတာတည်းခိုရင်း တိမ်ပင်လယ် ဆီက နေဝင်ချိန်ကို အမှတ်တရ ခံစားကြည့်ရင်း
Fine Dining နဲ့ ကြည်နူးပျော်ရွှင်ကြတဲ့ ဧည့်သည်တွေကလဲ မနည်းပါဘူး။☁️
ခရီးစဉ်တစ်ကြောင်းတည်းမှာ တောင်တန်းအလှ တိမ်အလှ၊ ရေကာတာ ရှုမျှော်ခင်း၊ တိမ်တွေ ကိုဖြတ်သန်းရင်း အံ့ဖွယ် ဆီးနှင်းနံရံကြီး ကြားမှာ
အတောမသတ် ရရှိနိုင်တဲ့ စိတ်လှုပ်ရှားစရာ တွေကို ခံစားရယူဖို့ အသင့်ပဲဆိုရင်တော့
Zuu&Hein Tour Japan နဲ့ သွားရောက်လည်ပတ်နိုင်ပါတယ်ရှင်။🥰
Zuu&Hein ဆိုတာ ဂျပန်နိုင်ငံခရီးသွားဝန်ကြီးဌာနအသိအမှတ်ပြု Outbound and Inbound လိုင်စင်ရ တရားဝင် ခရီးသွားအေဂျင်စီ ဖြစ်ပါတယ်။🇯🇵
ဂျပန်ရောက်မြန်မာလူမျိုးဦးစီးတည်ထောင် ထားတာကြောင့် ဂျပန်ခရီးစဉ်အလည်အပတ်အတွက်ဆိုရင်
မြန်မာနိုင်ငံမှ ဧည့်သည်များသာမက ကမ္ဘာအရပ်ရပ်မှ မြန်မာဧည့်သည်များကိုပါ လိုလေးသေးမရှိ ပို့ဆောင်ပေးနေတာကြောင့် စိတ်ချယုံကြည်စွာ ဆက်သွယ်လိုက်ပါနော်။
Zuu&Hein Tour Japan နဲ့အတူ
ဂျပန်နိုင်ငံ ခရီးစဉ်များကို အလှပဆုံး အမှတ်တရအဖြစ် ဖန်တီးလိုက်ရအောင်…


