ဂျပန်ပြည်မှာ သဘောကျစရာအကောင်းဆုံးတွေထဲက တစ်ခုက ပန်းပွဲတော်တွေပဲဖြစ်ပါတယ်။ ရာသီအလိုက် ပွင့်တဲ့ပန်းတွေကို တကူးတက ထိုင်ကြည့်ပြီး မိသားစုလိုက် အပန်းဖြေကြပြီး၊ သဘာဝတရားကို ချစ်ခင်ခံစားဖို့ အချိန်ပေးကြပါတယ်။ လူသိများတဲ့ ချယ်ရီပန်းပွဲတော် လိုပဲ နောက်ထပ် ပန်းပွဲတော် တစ်ခုက Ajisai Matsuri (Hydrangea Festival) ပါ ပုံပြင်ရာဇဝင်အရ ဂျပန်ဧကရာဇ် တစ်ပါးက သူ့ရဲ့နန်းတွင်းသူလေး တစ်ဦးကို လစ်လျူရှုခဲ့မိတဲ့အတွက် တောင်းပန်တဲ့အနေနဲ့ ပေးခဲ့တဲ့ပန်း ဖြစ်တယ်လို့ သိရပါတယ်။ Ajisai ရဲ့ Flower Language အရ 🌸ရိုးသားစွာတောင်းပန်ဝန်ချခြင်း 🌸စစ်စစ်မှန်မှန် နှလုံးသားလုံးသာကလာတဲ့ ခံစားချက် 🌸ချစ်ခြင်းမေတ္တာ 🌸ငြင်သာသော ပြောင်းလဲမှု တရား ဆိုပြီး အဓိပ္ပါယ်ဖွင့်ဆိုထားကြပါတယ်။ သူ့ရဲ့အဓိပ္ပါယ်နဲ့ လိုက်လျောညီထွေစွာပဲ Hydrangea ပန်းတွေကို ဘုရားကျောင်း၊ ဝတ်ပြုကျောင်းဆောင် တွေနဲ့ကုန်းမြင့် တွေမှာ တခွင်တပြင်ကြီး တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။ အပြာရောင်၊ ခရမ်းရောင်၊ ပန်းရောင်၊ အဖြူရောင်ဆိုပြီး အရောင်ကွဲတွေရှိပြီး June လ အစပိုင်းလောက်မှာ ပွင့်ကြတာဖြစ်လို့ မကြာခင် Hydrangea ပန်းပွဲတော် ရောက်ရှိတော့မှာဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ပန်းပွဲတော်တွေကို လက်လွတ်မခံသင့်တဲ့အကြောင်းက ကိုယ်သွားလေရာလမ်းတလျှောက် ပန်းလေးတွေကကြိုနေသလို ခံစားရမှာဖြစ်ပြီး ကြည့်လေရာ ပန်းခင်းကြီး နဲ့ မြင်ကွင်းက အိပ်မက်ဆန်တဲ့ ရေဆေးပန်းချီကားတချပ်လို ပါပဲ။ အဲဒီ အခိုက်အတန့်လေးတွေက ငြိမ်းချမ်းလှပပြီး ဘယ်အရာနဲ့မှမတူတဲ့ ဂျပန်ပြည်ရဲ့ အလှတပါး ဖြစ်နေလို့ပါ။ Hydrangea Festival မှာသွားရောက်လည်ပတ်သင့်တဲ့ နေရာတွေကတော့ ⛩️Meigetsu-in Temple (ကမာကူရ) အပြာရောင်Hydrangeaတွေအ တခြားနေရာထက်ပိုပြီးအများကြီး ပွင့်နေမှာပါ။ ⛩️Hasedera Temple (တိုကျို) ပန်းပွဲတော်နှင့်အတူ ပင်လယ်ကြီးကို လှမ်းမျှော်ငေးနိုင်တဲ့ Hillside ဖြစ်ပါတယ် ⛩️Hakusan Shrine (တိုကျို) ပန်းပွဲတော်များကို ကျင်းပပေးလေ့ရှိတဲ့ မြို့ရဲ့ကျက်သရေဆောင် နေရာတစ်ခုဖြစ်ပြီး အစားအသောက်၊ ပွဲတော်Activities များနဲ့။ အစည်ကားဆုံး နေရာတစ်ခု ဖြစ်ပါတယ်။ ပွဲတော်လာဧည့်သည်များအနေနဲ့ အတူပါဝင်ဆင်နွှဲချင်တယ်ဆိုရင် ပေါ့ပါးလှပပြီး ရိုးရှင်းတဲ့ Yukata( နွေရာသီကီမိုနို) ဝတ်ဆင်ခဲ့လို့ရပါတယ်။ ဒေသခံတွေလဲ ဝတ်ဆင်ပြီးဆင်နွှဲကြပါတယ်။ မနက်အစောပိုင်းနဲ့ ညနေခင်း အချိန်တွေ ဆို အလှပဆုံးပါပဲ။ ကင်မရာယူခဲ့ဖို့လုံးဝမမေ့လိုက်ပါနဲ့။ ပွဲတော်မှာ လာရောက်ရောင်းချတဲ့ Local product တွေကို အမှတ်တရအဖြစ်ဝယ်ယူနိုင်သလို ၊ အစားအသောက်ဆိုင်လေးတွေကနေ လည်းမုန့်ဝယ်စားလို့ရပါတယ်။ နေ့စဉ်လှုပ်ရှားရုန်းကန်နေရတဲ့ လူနေမှုဘဝကနေ ခဏတာ ထွက်ခွာခဲ့ပြီး ငြိမ်သက်အေးချမ်းတဲ့သဘာဝတရားအလှမှာ မြုပ်နှံခံစားချင်ရင် လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်နော်။ Zuu&Hein Tour Japan မှ ခရီးစဉ်တလျှောက် အစအဆုံး ကိုယ်တိုင်စီစဉ်စရာမလိုအောင် ဝန်ဆောင်မှုပေးနိုင်ပါတယ်။ ဂျပန်နိုင်ငံခရီးသွားဝန်ကြီးဌာနအသိအမှတ်ပြု Outbound and Inbound လိုင်စင်ရ တရားဝင် ခရီးသွားအေဂျင်စီ ဖြစ်ပါတယ်။ ဂျပန်ရောက်မြန်မာလူမျိုးဦးစီးတည်ထောင် ထားတာကြောင့် ဂျပန်ခရီးစဉ်အလည်အပတ်အတွက်ဆိုရင် မြန်မာနိုင်ငံမှ ဧည့်သည်များသာမက ကမ္ဘာအရပ်ရပ်မှ မြန်မာဧည့်သည်များကိုပါ လိုလေးသေးမရှိ ပို့ဆောင်ပေးနေလို့ စိတ်ချယုံကြည်စွာ ဆက်သွယ်လိုက်ပါနော်။ Zuu&Hein နဲ့အတူ ဂျပန်နိုင်ငံ ခရီးစဉ်များကို အလှပဆုံး အမှတ်တရအဖြစ် ဖန်တီးလိုက်ရအောင် 🧳

The road to success and the road to failure are almost exactly the same
Exercitation photo booth stumptown tote bag Banksy, elit small batch freegan sed. Craft beer elit seitan exercitation, photo booth et 8-bit kale chips proident chillwave deep v laborum. Aliquip veniam delectus, Marfa eiusmod Pinterest in do umami readymade swag. Selfies iPhone Kickstarter, drinking vinegar jean vinegar stumptown yr pop-up artisan sunt. Craft beer elit seitan exercitation, photo booth,