ဘယ်နေရာရောက်ရောက် အစားအသောက် အသစ်အဆန်းလေးတွေ ခုံမင်တတ်သူရယ် ၊Night life Enjoyer လေးတွေရယ်အတွက် ဂျပန်ရောက်ရင်နီယွန်မီးရောင်စုံတွေ ထိန်ထိန်ညီးနေတဲ့အိုဆာကာ ည ကို ဖြတ်သန်းပြီးမှ တန်ပါလိမ့်မယ်။ မမေ့နိုင်စရာ အိုဆာကာ ညကိုစတင်ဖို့ ပထမဦးဆုံးUmeda Sky Building (သို့မဟုတ်)Abeno Harukas Building ပေါ်ကဖြစ်ဖြစ် တမြို့လုံးရဲ့ Panoramic view ကို ဆည်းဆာအလှနှင့်အတူ ခံစားငေးမော ရင်း ဓါတ်ပုံလှလှလေး ရိုက်ထားလိုက်ပါနော်။ နေမင်းကြီးနှုတ်ဆက်ချိန်မှာပဲ နီယွန်မီးတွေ လင်းလက်တောက်ပ နေတဲ့ အိုဆာကာရဲ့ ညကစတင်သက်ဝင်လို့လာပါပြီ။ မဖြစ်မနေသွားရမှာက […]